FAQ
					 PHOOSAR ကို မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာ နှစ်မျိုးလုံးသုံးလို့ရလား? 
							
			
			
		
						
				သုံးလို့ရပါတယ်။ အကောင့်ဖွင့်တဲ့အခါ ကိုယ်ကြိုက်တဲ့ဘာသာစကားကို ရွေးချယ်နိုင်ပြီး app ထဲက settings ကနေ အချိန်မရွေး ပြန်ပြောင်းနိုင်ပါတယ်။
					 အကောင့်ဖွင့်ပြီးမှ ဘာသာစကား ပြောင်းချင်ရင်ရောရလား? 
							
			
			
		
						
				ရပါတယ်။ မြန်မာနဲ့ အင်္ဂလိပ် ဘာသာစကားနှစ်မျိုးကို သင့်စိတ်တိုင်းကျ အချိန်မရွေး လွယ်လွယ်ကူကူ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
					 အကောင့်ဖွင့်ဖို့ မြန်မာဖုန်းနံပါတ် လိုအပ်လား? နိုင်ငံခြားဖုန်းနံပါတ် (သို့) email နဲ့ ဖွင့်လို့ရလား? 
							
			
			
		
						
				စိတ်မပူပါနဲ့။ မြန်မာဖုန်းနံပါတ်မရှိရင်လည်း ထိုင်း၊ မလေးရှားစတဲ့ နိုင်ငံခြားဖုန်းနံပါတ်တွေနဲ့လည်း အကောင့်ဖွင့်နိုင်ပါတယ်။
					 Facebook (သို့) Google အကောင့်နဲ့ ဝင်လို့ရလား? ဒါမှမဟုတ် ဖုန်းနံပါတ်အသစ်နဲ့ပဲ ဖွင့်ရမလား? 
							
			
			
		
						
				အကောင့်ဖွင့်ဖို့အတွက် သင့်ဖုန်းနံပါတ်နဲ့သာ အကောင့်သစ်ဖွင့်လို့ရမှာဖြစ်ပါတယ်။ 
					 အကောင့်ဖွင့်တဲ့အခါ OTP (သို့) ID စစ်ဆေးမှုတွေ လုပ်လား? 
							
			
			
		
						
				လုပ်ပါတယ်။ သင့်အကောင့်လုံခြုံရေးအတွက် မြန်ဆန်တဲ့ OTP (တစ်ခါသုံးလျှို့ဝှက်နံပါတ်) နဲ့ အတည်ပြုရပါမယ်။
					 PHOOSAR ကို မြန်မာနိုင်ငံမှာ သုံးလို့ရလား? 
							
			
			
		
						
				ရပါတယ်။ မြန်မာဖုန်းနံပါတ်နဲ့ မြန်မာနိုင်ငံအတွင်း အသုံးပြုနိုင်ပါတယ်။ အကောင်းဆုံးအသုံးပြုနိုင်ဖို့ VPN ဖွင့်ထားဖို့ အကြံပြုပါတယ်။
					 Profile ထဲ အချက်အလက်ထည့်တဲ့အခါ ဘယ်လောက်ထိ အသေးစိတ်ထည့်ဖို့လိုမလဲ။ အလုပ်အကိုင်၊ ဝင်ငွေ၊ ကိုးကွယ်တဲ့ဘာသာ စတဲ့အချက်တွေ အကုန်ဖြည့်ဖို့လိုလား? 
							
			
			
		
						
				မလိုပါဘူး။ Profile ဖြည့်တဲ့အပိုင်းကလည်း လွယ်ပါတယ်။ အရေးကြီးတဲ့အချက်အလက်အနည်းငယ်သာ ဖြည့်ရပါမယ်။ ကိုယ်မဖြည့်ချင်ရင် ဝင်ငွေ၊ ဘာသာရေးစတဲ့ အချက်တွေ ကျော်ထားလို့ရပါတယ်။
					 နိုင်ငံပြင်ပမှာနေရင်လည်း မြန်မာနိုင်ငံကလူတွေနဲ့ Match ဖြစ်နိုင်လား? 
							
			
			
		
						
				ရပါတယ်! သင်နေထိုင်တဲ့နေရာနဲ့ ချိတ်ဆက်ချင်တဲ့နိုင်ငံကို ရွေးချယ်နိုင်ပါတယ်။ လက်ရှိမှာ မြန်မာ၊ ထိုင်း၊ မလေးရှားမှာနေတဲ့ မြန်မာလူမျိုးတွေနဲ့ အဆင်ပြေပြေချိတ်ဆက်နိုင်ပါတယ်။
					 တည်နေရာ၊ ဘာသာစကား (သို့) ကိုးကွယ်တဲ့ဘာသာအပေါ်အခြေခံပြီး Match လုပ်ချင်ရင် ရလား? 
							
			
			
		
						
				ရပါတယ်။ Match ဖြစ်ဖို့ တည်နေရာ၊ ဘာသာစကားစတဲ့အချက်တွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ App ကို အမြဲတမ်းမွမ်းမံနေတာဖြစ်တဲ့အတွက် ပိုကောင်းတဲ့အတွေ့အကြုံရမှာပါ။
					 Chat ထဲမှာ အလိုအလျောက်ဘာသာပြန်တဲ့ လုပ်ဆောင်ချက် ရှိလား? 
							
			
			
		
						
				လောလောဆယ်တော့ မရှိသေးပါဘူး။ ဒီ လုပ်ဆောင်ချက်ကို နောက်ထပ်မွမ်းမံမှုတွေမှာ ထည့်သွင်းဖို့ စီစဉ်ထားပါတယ်။ အခုအချိန်မှာတော့ ကိုယ်နဲ့ဘာသာစကားတူတဲ့သူတွေနဲ့ Match ဖြစ်အောင် ရွေးချယ်တာ အကောင်းဆုံးပါပဲ။
					 အခမဲ့သုံးတဲ့သူတွေအနေနဲ့ Message ပို့တာကို အကန့်အသတ်ရှိလား? 
							
			
			
		
						
				PHOOSAR မှာ အခမဲ့သုံးသူတွေအတွက် Message ပို့တာကို ကန့်သတ်ထားတာမရှိပါဘူး။ မိတ်ဆွေဖွဲ့ဖို့ လွတ်လွတ်လပ်လပ် စကားပြောနိုင်တယ်လို့ PHOOSAR က ယုံကြည်ထားပါတယ်။
					 Chat ထဲမှာ ဓာတ်ပုံ (သို့) အသံမက်ဆေ့ဂျ်တွေ ပို့လို့ရလား? 
							
			
			
		
						
				ဓာတ်ပုံတွေပို့လို့ရပါပြီ။ အသံနဲ့ ဗီဒီယိုမက်ဆေ့ဂျ်တွေအတွက် လုပ်ဆောင်ချက်တွေကို နောက်ထပ်မွမ်းမံမှုတွေမှာ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။
					 အခမဲ့သုံးလို့ရတဲ့ လုပ်ဆောင်ချက်တွေက ဘာတွေလဲ? Premium အကောင့်သုံးမယ်ဆိုရင်ရော ဘာတွေရနိုင်မလဲ?  
							
			
			
		
						
				လောလောဆယ်တော့ လုပ်ဆောင်ချက် အားလုံးကို အခမဲ့သုံးလို့ရပါတယ်။ အကောင့်ဖွင့်ပြီးတာနဲ့ ၁၀၀၀ Coin ရမှာဖြစ်ပြီး သူငယ်ချင်း (သို့) လက်တွဲဖော်ရှာဖွေဖို့ အသုံးပြုနိုင်ပါတယ်။
					 ကိုယ်ရေးအချက်အလက် (တည်နေရာ၊ ဝင်ငွေ စတာတွေ) ကို လူတိုင်းမြင်နိုင်လား? Match ဖြစ်တဲ့သူနဲ့ပဲ မျှဝေနိုင်တာလား? 
							
			
			
		
						
				သင်မျှဝေချင်တဲ့အချက်တွေကို ကိုယ်တိုင်ထိန်းချုပ်နိုင်ပါတယ်။ တည်နေရာလိုမျိုး အချို့အချက်တွေကို လူတိုင်းမြင်နိုင်ပေမယ့် privacy settings ကနေ အချိန်မရွေး ပြင်ဆင်နိုင်ပါတယ်။
					 သုံးစွဲသူရဲ့ကိုယ်ရေးအချက်တွေကို ရောင်းချ (သို့) မျှဝေတာမျိုးရှိလား? 
							
			
			
		
						
				လုံးဝမရှိပါဘူး။ သင့်ကိုယ်ရေးအချက်တွေကို သင့်ခွင့်ပြုချက်မပါဘဲ ဘယ်သူ့ကိုမှ ရောင်းချတာ၊ မျှဝေတာ မျိုး မရှိပါဘူး။ PHOOSAR က သင့်ကိုယ်ရေးလုံခြုံမှုကို အဓိကအလေးထားတာမို့ စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါတယ်။ 
					 Web version ရှိလား? ဒါမှမဟုတ် ဖုန်းထဲမှာပဲ သုံးလို့ရတာလား? 
							
			
			
		
						
				PHOOSAR ဟာ လက်ရှိမှာ Android ဖုန်းတွေအတွက်သာ အသုံးပြုနိုင်တဲ့ မိုဘိုင်းအက်ပ်ဖြစ်ပါတယ်။ ဖုန်းမှာလွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်သုံးနိုင်အောင် ထုတ်လုပ်ထားပါတယ်။ 
					 iOS သုံးတဲ့သူဆိုရင် PHOOSAR ကို သုံးလို့ရလား? 
							
			
			
		
						
				လက်ရှိမှာ iOS (iPhone) အက်ပ်ကို App Store ပေါ်တင်ဖို့ စမ်းသပ်စစ်ဆေးနေဆဲဖြစ်ပါတယ်။ အစောဆုံးအသုံးပြုချင်တယ်ဆိုရင် TestFlight (Apple ရဲ့ စမ်းသပ်အသုံးပြုရေးအက်ပ်) မှတစ်ဆင့် အသုံးပြုခွင့်ရအောင် PHOOSAR support team က ဆောင်ရွက်ပေးနိုင်ပါတယ်။
					 App က Loading Screen မှာပဲ ရပ်နေတယ်ဆိုရင် ဘာလုပ်ရမလဲ? 
							
			
			
		
						
				အင်တာနက်ချိတ်ဆက်မှု (သို့) တချို့ဒေသတွေမှာရှိတဲ့ ကန့်သတ်ချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ အင်တာနက်ကိုစစ်ပါ၊ ဒေသကန့်သတ်ထားရင် VPN ဖွင့်ပြီး ပြန်ကြိုးစားကြည့်ပါ။
					 အင်တာနက်မြန်နှုန်းနှေးတဲ့နေရာ (သို့) ဖုန်းအဟောင်းတွေနဲ့ App သုံးရင် အဆင်ပြေမလား? 
							
			
			
		
						
				အင်တာနက်နှေးတဲ့နေရာတွေ (သို့) ဖုန်းအဟောင်းတွေမှာ App သုံးရတာ ပိုနှေးနိုင်ပါတယ်။ အကောင်းဆုံးအတွေ့အကြုံနဲ့ အဆင်ပြေပြေသုံးနိုင်ဖို့အတွက် တည်ငြိမ်တဲ့ အင်တာနက်လိုင်းနဲ့ နောက်ဆုံးထွက် OS version တွေနဲ့ သုံးဖို့ အကြံပြုပါတယ်။ 
					 Customer Support နဲ့ ဘယ်လိုဆက်သွယ်ရမလဲ? 
							
			
			
		
						
				ပြဿနာတစုံတရာရှိရင် ရုံးချိန်အတွင်း Facebook Messenger ကနေ ကျွန်တော်တို့ရဲ့ Support Team နဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
 
								 
								 
								